Posts

Showing posts from January, 2020

တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ

Image
တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ မေး။ ။ ဘုန်းဘုန်းဘုရား တပည့်တော်ရဲ့ ပြဿနာလေးကို ဆွေးနွေးချင်လို့ပါ ဘုရား။ တပည့်တော် သူငယ်ချင်းတွေလည်း ရှိတယ်ဘုရား။ ဒါပေမဲ့ သူငယ်ချင်းတွေရှိပေမဲ့ သူတို့နဲ့ လိုက်လျောညီထွေမှုမရှိဘဲနဲ့ isoloated ဖြစ်နေတာဘုရား။ စကားလည်း မပြောချင်ဘူး သူတို့နဲ့၊ အဲလို တစ်ယောက်တည်း ဖြစ်နေတာဘုရား။ အဲလို စိတ်အခြေအနေနဲ့ဆိုရင် ဘယ်လို စိတ်ထားရမလဲဆိုတာ အကြံလေးပေးပါ ဘုရား။ ဖြေ။ ။ကောင်းပြီ ဘုန်းဘုန်း နှစ်ခုပြောပြမယ်။ ဘုန်းဘုန်း စာအုပ်နှစ်အုပ်ရေးထားတယ် စာကြည့်တိုက်ထဲမှာ လှူထားမယ်။ မုဒိတာ ဒါက အရင်တစ်ပတ်ကမှ ထုတ်ထားတဲ့ စာအုပ် – “ပျော်နိုင်ပါရဲ့နဲ့ ပျော်ဖို့မေ့နေသူများ” တဲ့။ ဒါ မုဒိတာအကြောင်း။ ဒီစာအုပ်က ကရုဏာ “ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေးနည်းလမ်း – Emotion Management and Mindful Compassion” ဒီအပေါ် အခြေခံပြီးတော့ ဘုန်းဘုန်း ဖြေသွားမယ် သမီးရဲ့ ပြဿနာကို။ မုဒိတာကနေ စရအောင် positive ကနေ။ သမီးက အင်ဂျင်နီယာကျောင်းသူဖြစ်အောင်ဆိုရင် စာတွေ အများကြီးအောင်ခဲ့တယ်။ မူလတန်းအောင်ခဲ့...