တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ

တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ



တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့ ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ

မေး။ ။ ဘုန်းဘုန်းဘုရား တပည့်တော်ရဲ့ ပြဿနာလေးကို ဆွေးနွေးချင်လို့ပါ ဘုရား။ တပည့်တော် သူငယ်ချင်းတွေလည်း ရှိတယ်ဘုရား။ ဒါပေမဲ့ သူငယ်ချင်းတွေရှိပေမဲ့ သူတို့နဲ့ လိုက်လျောညီထွေမှုမရှိဘဲနဲ့ isoloated ဖြစ်နေတာဘုရား။ စကားလည်း မပြောချင်ဘူး သူတို့နဲ့၊ အဲလို တစ်ယောက်တည်း ဖြစ်နေတာဘုရား။ အဲလို စိတ်အခြေအနေနဲ့ဆိုရင် ဘယ်လို စိတ်ထားရမလဲဆိုတာ အကြံလေးပေးပါ ဘုရား။

ဖြေ။ ။ကောင်းပြီ ဘုန်းဘုန်း နှစ်ခုပြောပြမယ်။ ဘုန်းဘုန်း စာအုပ်နှစ်အုပ်ရေးထားတယ် စာကြည့်တိုက်ထဲမှာ လှူထားမယ်။ မုဒိတာ ဒါက အရင်တစ်ပတ်ကမှ ထုတ်ထားတဲ့ စာအုပ် – “ပျော်နိုင်ပါရဲ့နဲ့ ပျော်ဖို့မေ့နေသူများ” တဲ့။ ဒါ မုဒိတာအကြောင်း။
ဒီစာအုပ်က ကရုဏာ “ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေးနည်းလမ်း – Emotion Management and Mindful Compassion” ဒီအပေါ် အခြေခံပြီးတော့ ဘုန်းဘုန်း ဖြေသွားမယ် သမီးရဲ့ ပြဿနာကို။
မုဒိတာကနေ စရအောင် positive ကနေ။ သမီးက အင်ဂျင်နီယာကျောင်းသူဖြစ်အောင်ဆိုရင် စာတွေ အများကြီးအောင်ခဲ့တယ်။ မူလတန်းအောင်ခဲ့တယ် တစ်တန်းအောင်ခဲ့တယ်၊ မှတ်မိတဲ့ဟာတွေ ပြန်တွေးပြီးတော့ ကိုယ့်ဟာကိုယ် ဂုဏ်ယူပါ။ ဂုဏ်ယူစရာ အများကြီးရှိတယ်။
သူများဂုဏ်ယူသည်အထိ စောင့်မနေနဲ့၊ သူများလက်ခံမှ ကိုယ်က ပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက်က သူများလက်ထဲမှာတဲ့။ ဒါကြောင့် သူများလက်ထဲမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက်သွားပြီးတော့ အပ်မထားနဲ့။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ တကယ်ချစ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် သူများလာပြီးတော့ ချီးမွမ်းစရာမလိုဘဲနဲ့၊ သူများက ကိုယ့်ကိုလာပြီး အဖက်လုပ်စရာ မလိုဘဲနဲ့ ကိုယ့်ဟာကိုယ် ပျော်ရွှင်နိုင်တဲ့စွမ်းရည်ရှိတယ်တဲ့။ ဒီပျော်ရွှင်မှုကို ဘုန်းဘုန်းက သြဂဲနစ် (Organic) လို့ခေါ်ချင်တယ်။


ကိုယ့်လုံ့လ ဝီရိယနဲ့ ကိုယ့်အစွမ်းအစနဲ့ သူဖြစ်လာတာ။ ဒါပေမဲ့ ကိုယ့်ရဲ့မုဒိတာ တစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ကိုယ်တစ်ယောက်တည်းနဲ့ နေနိုင်တဲ့လူ တစ်ယေက်မှမရှိဘူး ဒီအခန်းထဲမှာ။ ဒီနိုင်ငံထဲမှာ ဘယ်သူမှ မရှိဘူး။ ဒီကမ္ဘာပေါ်မှာ ဘယ်သူ မရှိဘူး။ သူများကို မှီခိုရတဲ့ လူတွေကြည့်ပဲ။

အင်ဂျင်နီယာကလဲပဲ သူ workmen တွေ တခြားလူတွေကို အားကိုးရတယ်၊ architect တွေကို အားကိုးရတယ်၊ architet လည်းပဲ structure အင်ဂျင်နီယာတွေ MNE အင်ဂျင်နီယာတွေ တခြားလူတွေ အားကိုးရတယ်။ တစ်ယောက်တည်း နေလို့မရဘူး။

ဒါကြောင့်မို့လို့ မုဒိတာလည်းပဲ ကိုယ့်အကြောင်းပဲ ကိုယ်တွေးပြီးတော့ ဂုဏ်ယူနေရင် ဒါမပြီးသေးဘူး self-centered ဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ်အားကျတဲ့လူ ကိုယ့်နဲ့ရင်းနှီးတဲ့လူ အဲ့ဒီလူတွေရဲ့ ကြိုးစားမှု သူတို့ရဲ့အောင်မြင်မှုကိုလည်းပဲ တွေးပြီးတော့ ဂုဏ်ယူပေးပါ။

အဲလို ဂုဏ်ယူတိုင်း မုဒိတာဖြစ်တိုင်း သမီးရဲ့ဦးနှောက်ထဲမှာ oxytocin ဆိုတဲ့ chemical ဖြစ်ပါတယ်။ ဒီ oxytocin ဆိုတဲ့ chemical ဖြစ်ရင် ဒါ ပျော်ရွှင်တဲ့ chemical ပဲ။ ဒီဟာဖြစ်ရင် စိတ်မညစ်တတ်တော့ဘူး။ စိတ်ညစ်တတ်တဲ့လူက စိတ်ညစ်စရာအကြောင်းတွေ တွေးတွေးပြီးတော့ cortisol ဆိုတဲ့ ဟိုမုန်းကို သူတို့ဟာသူတို့ ထုတ်လုပ်နေတာ။

ဒါကြောင့် သမီး ကိုယ့်ဟာကိုယ် မေးရမယ်။ Negative ဟော်မုန်းနဲ့ positive ဟော်မုန်း ဘယ်ဟာကို ရွေးပြီးတော့ ထုတ်နေတာတုန်း။ အဲဒီ ဟော်မုန်းတွေက emotion ပေါ်မှာ မူတည်တယ်။ Positive emotion ဆိုရင် positive ဟော်မုန်းထွက်လာတယ်။ Negative အတွေးဆိုရင် negative ဟော်မုန်း ထုတ်ပါတယ်။

ဘုန်းဘုန်းက ဒီမှာ တရားလာဟောတာ ဘာမှသိပ်ကြီး မပြင်ဆင်ရဘူး ဘာမှ သိပ်ပြီး invest မလုပ်ရဘူး။ နှစ်ပေါင်း အများကြီးကတည်းက ဒီလို microphone တွေ တီထွင်တဲ့ အင်ဂျင်နီယာတွေ ဘယ်နိုင်ငံမှန်း မသိဘူး နိုင်ငံပေါင်းမြောက်မြားစွာ တီထွင်ထားတယ်။

ဒီကျောင်းကြီးကို ဒီခန်းမကြီးကို ဆောက်ထားကြတယ်၊ ဒီ တရားပွဲကို စီစဉ်တဲ့ ဆရာတွေ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ ဗုဒ္ဓဘာသာအသင်းတွေ ရှိတယ်၊ အဲဒါတွေ တွေးပြီးတော့ စိတ်ထဲမှာ ဘုန်းဘုန်းက ပီတိဖြစ်နေတာ။

အဲဒီအချိန်မှာ stress မဖြစ်တော့ဘူး ဒီမှာ တရားလာဟောမယ်ဆို stress မဖြစ်ဘူး။ ဘုန်းဘုန်း ဒီမနက် ဧည့်သည်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ရော နောက် စာသင်ဖို့တွေနဲ့ရော အဲဒါမျိုးတွေ အများကြီး အလုပ်တွေများတာ ဒီလာဖို့အတွက် ဘုန်းဘုန်း ဘာမှမပြင်ဆင်ရပါဘူး။

စိတ်ထဲမှာ နှလုံးသားထဲမှာရှိတာတွေ ပြောတယ်။ ဘာဖြစ်လို့ stress မဖြစ်တုန်းဆိုတော့ ဒီဟော်မုန်းကို အဓိက ထားပြီးတော့ focus လုပ်ထားတယ်။ ဒီလာခါနီးမှာ ကြည့်စမ်းပါအုန်း တောင်ကြီးမြို့ ဒီ အင်ဂျင်နီယာတက္ကသိုလ်ရှိတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းတုန်း? အင်ဂျင်နီယာကျောင်း သုံးဆယ်ကျော် တစ်နိုင်ငံလုံး ဘယ်လောက် ဂုဏ်ယူစရာကောင်းတုန်း?

နောက် တစ်နေ့က engineering council မှာ တရားသွားဟောတဲ့အခါကျတော့ ဘုန်းဘုန်းတို့ နိုင်ငံက အင်ဂျင်နီယာဘွဲ့တွေ တကမ္ဘာလုံးကလက်ခံအောင် accreditation process လုပ်ဖို့အတွက် လုပ်နေတဲ့ဟာတွေ အဲဒါတွေ ကြည့်ပြီးတော့ ဘုန်းဘုန်းက အဲ့ဒါကိုလည်း ဂုဏ်ယူတယ်။ ကြိုးစားပြီးလုပ်နေတဲ့လူတွေကို ဂုဏ်ယူတယ်။

အဲတော့ သမီးက ကိုယ့်မုဒိတာအကြောင်း၊ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဖတ်မလုပ်တဲ့လူတွေလေ သူတို့အကြောင်း negative အတွေး သွားမတွေးနဲ့။ သူတို့မှာ ဒီအဆင့်ရောက်အောင် ဘာတွေ ကြိုးစားခဲ့ရတယ် အဲဒါလေးတွေကြည့်ပြီး သူတို့ကို ဂုဏ်ယူပေး။

အဲဒါဆိုရင် သူတို့က သမီးကို အဖက်လုပ်တာ မလုပ်တာ အဲဒါတွေက အရေးမပါတော့ဘူး။ ကိုယ်က သူတို့အတွက် ကောင်းတာပဲ တွေးတယ်ဆိုတော့ အင်္ဂလိပ်လို moral high ground လို့ခေါ်တယ် ကိုယ်က အမြင့်ကနေတယ်။ ဒါက ကရုဏာနဲ့ပဲ။

ဒါပေမဲ့ ဘုန်းဘုန်းတို့က တခါတခါ အားငယ်တဲ့စိတ်တွေဖြစ်တယ်၊ လူသားအနေနဲ့။ အားငယ်တဲ့စိတ်တွေ ဖြစ်တယ်ဆိုရင် လူ့လောကထဲမှာလေ fit in ဆိုတဲ့ ပြဿနာရှိတယ်။ Fit in ဆိုတာက ၀င်ဆန့်အောင်လုပ်ရတယ်။ မူလတန်းကျောင်းမှာဆိုလည်း မူလတန်းကျောင်းမှာ ၀င်ဆန့်အောင် သူငယ်ချင်းတွေ ရှိအောင် အဲဒါတွေ ကြိုးစားတယ်။

အလယ်တန်းဆိုအလယ်တန်း၊ အထက်တန်းဆို အထက်တန်း၊ တက္ကသိုလ်ဆို တက္ကသိုလ်။ တက္ကသိုလ်ပြီးရင် ပြီးရောလား မပြီးဘူး။ လုပ်ငန်းခွင် အလုပ်ဝင်တဲ့အခါကျတာ့ လူဝင်ဆန့်အောင် တခါ လုပ်ရပြန်ရော။

လုပ်ငန်းခွင် အောင်မြင်ပြီ လုပ်ငန်းခွင် အပြင်ဘက်မှာလေ လူဝင်ဆန့်အောင် သူများတွေလက်ခံအောင် ဒီလူက တော်ပါတယ်၊ ဒီလူက ပိုက်ဆံရှိပါတယ်၊ ဒီလူက ပညာတတ်ပါတယ်၊ ဒီလူက လေးစားစရာကောင်းပါတယ်၊ အဲဒီလို သူများတွေ လက်ခံအောင် လူတိုင်းလူတိုင်းက ကြိုးစားတဲ့ anxiety ရှိတယ်။


ဘုန်းဘုန်းပြောချင်တာက ဒီလို anxiety မျိုး ရှိတာ သမီးတစ်ယောက်မကဘူးလို့ ပြောချင်တာ။ ဒီအခန်းထဲမှာ နေတဲ့လူတွေ ပါမောက္ခချုပ်ဆရာမကြီးကအစ ဘုန်းဘုန်းကအစ အကုန်လုံး အဲဒီလိုပဲ ဘုန်းဘုန်းတို့က society က လက်ခံတာကို လိုလားတယ်။

လက်မခံဘူးဆိုရင် ဘုန်းဘုန်းတို့လည် ၀န်ထုပ်ဝန်ပိုးတွေဖြစ်တယ်၊ ဒါကြောင့် #သမီးက #ကိုယ့်ကိုယ်ကိုယ် #ကရုဏာဖြစ်ရမယ် #ကိုယ့်ကိုယ်ကိုယ် #သနားရမယ်။ နောက်ပြီးတော့ ဒီမှာ စကားပြောနေတဲ့ ဘုန်းဘုန်းကိုရော ဆရာမကြီးတွေရော ဆရာကြီးတွေရော အကုန်လုံး သူတို့ကိုလည်း သနားရမယ်။

ဘာဖြစ်လို့တုန်းဆိုတော့ “တစ်လှေတည်းစီး တစ်ခရီးတည်းသွား” အဲလိုဖြစ်လို့။ ကရုဏာနဲ့ မုဒိတာ အဲဒီအကြောင်းများများတွေးပေး၊ ဒီပြဿနာ မရှောင်နဲ့၊ သူ့ကို ဖုံးဖိမထားနဲ့၊ သူ့ကို တိုက်ရိုက်ရင်ဆိုင်ရမယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ

“တိုင်းပြုပြည်ပြု ကရုဏာစွမ်းရည် – The Power of Compassion in Nation Building (၁.၇.၂၀၁၉) (တောင်ကြီးနည်းပညာတက္ကသိုလ်)” တရားတော် အမေးအဖြေကဏ္ဍမှ ရေးသားပူဇော်ပါသည်။
#Crdကြိုက်နှစ်ရလေးများ

Comments